ဒီဘလောခ့်ကို မြန်မာလို စရေးချိန်ကစပြီး အမေးအခံရဆုံး မေးခွန်းတစ်ခုကတော့ မြန်မာစာတွေ ဘာလို့ မမြင်ရဘဲ ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ရှင်းပြရတာလည်း အကြိမ်ပေါင်း တစ်သိန်းလောက် ရှိနေပါပြီ။ တစ်ချို့ကလည်း ဖောင့်ကို ဒေါင်းလုဒ် လုပ်ပါဆိုတော့ လုပ်လိုက်တယ်။ ပြီးရင် Desktop ပေါ်မှာ တင်ထားလိုက်ပြီး အဲဒီမှာ တစ်သွားတယ်။ တစ်ချို့က ဖောင့်ကို ဒေါင်းလုဒ် လုပ်တယ်။ အထဲက အာအေအာ ဖိုင်ကို ဖြေဖို့ WinRar ဆော့ဖ်ဝဲလ်ကို မသိလေတော့ အဲဒီ ဇစ်ဖိုင်ကြီးကို ဖောင့်ဖိုင်ထဲ သွားထည့်တယ်။ တစ်ချို့က ဒေါင်းလုဒ်လည်း လုပ်တယ်၊ C:\windows\Fonts ဆိုတဲ့ ဒါရိုက်ထရီ မှာလည်း သွားထည့်တယ်။ ဒါပေမယ့် မြန်မာဖောင့်ကို မမြင်ရသေးတော့ ဆက်မလုပ် တတ်တော့ဘူး။ အဲလို C:\windows\fonts မှာ သွင်းလို့ မရဘူးဆိုရင် Start>Control Panel>Fonts ကနေ သွင်းပေးရပါမယ်။ အဲဒါမှ ကျွန်တော်တို့ ဇော်ဂျီတစ်စုကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါကြောင်း ဖောင့်မသွင်း တတ်သေးသော ကွန်ပြူတာ ယူဆာ များအတွက် အမှတ်တရ အချက်ပြ လိုက်ရပါတယ် ခင်ဗျား။ ဒီလိုပြောလည်း မြင်ဦးမှာ မဟုတ်ဘူး။ အင်္ဂလိပ် လိုလေး မှုတ်ပေးရဦးမယ်။


How to Install Zawgyi-One Font to See Myanmar Blogs

  1. First Download the Font File [Here]
  2. Second, It's in Zip format, so you need to Unzip with WinRar Software.
  3. Third, Copy these fonts and Place in C:\windows\fonts or Start>Control Panel>Fonts
  4. Fourth, Refresh your browser or press Clt+F5
  5. Fifth, If you still couldnt see Myanmar Fonts properly, Just restart your PC.
  6. Enjoy , or take a rest.

Tags : Myanmar Fonts , How to Install Myanmar Unicode Font, Zawgyi Font , Knowledge